PMI၏ core member ဆရာတော် ဦးစိန္တိတ မှ ဘာသာရေးခေါင်းဆောာင်များ နှင့် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့အား ဦးဆောင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သို့ ငြိမ်းချမ်းရေး နှင့် ဆွေးနွေးအဖြေရှာခြင်းအလေ့အကျင့်များ တိုးတက်လာစေရန်ရည်ရွယ်၍ ခရီးတစ်ခုသွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသခံခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။