PMI အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ IRD စင်တာတွင် TOT အပတ်စဉ် တစ် အား ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုသင်တန်းတွင် သက်တော် ၂၀ နှစ် မှ ၄၄ နှစ်ကြား ရှိသော သံဃာတော် ၁၆ ပါး နှင့် သီလရှင် ၂ ပါး စုစုပေါင်း ၁၈ပါး တက်ရောက်ခဲ့ပါသည်။ ထိုရဟန်းသံဃာတော်များမှာ မန္တလေး၊ ရွှေဘို၊ ရမည်းသင်း၊ မကွေး၊ ပြင်ဦးလွင်၊ ရန်ကုန်၊ ကျောက်မဲ၊ အရာတော်၊ ဟုမ္မလင်း နှင့် လားရှိုး မြို့များမှ ဖြစ်ပါသည်။