မြန်မာပြည်နိုင်ငံ၌မတူကွဲပြားသောအသိုင်းအဝိုင်းများကြားတွင် ရေရှည်တည်တံ့ခိုင်မြဲသောလူ့ပတ်ဝန်းကျင်ထူထောင်ရန်ယုံကြည်မှုတည်ဆောက်ခြင်း ၂၀၁၉

PMI ၏ အစီအစဉ် တစ်ခုဖြစ်သော CBM အား ဧပြီလ၊ သင်္ကြန်ကာလ အတွင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ဟိန္ဒူ ဂေါ်ရခါး အဖွဲ့မှ ကျင်းပပြုလုပ်သော ၁၀ရက်တာ camp တွင် ပါဝင်ကူညီခဲ့ပါသည်။ ထို camp တွင် ဟိန္ဒူလူငယ်များ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရန် နှင့် ဒိုင်ယာလော့ အပါအဝင် အခြားသော အကြောင်းအရာများကို သင်ကြားပေးသွားခဲ့ပြီး ဟိန္ဒူလူငယ် ၆၅၀ ဦး တက်ရောက်ခဲ့ပါသည်။

မေလအတွင်းတွင် အစ္စလာမ်ဘာသာဝင်များ၏ စုပေါင်းဝါဖြေပွဲ နှင့် ဘာသာပေါင်းစုံ မိတ်စုံစားပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ၊ မြို့မ ဗလီတွင် PMI မှ မြို့မဗလီ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဆရာတော်များ နှင့် ဘာသာရေးခေါင်းဆောာင်များ၊ ရန်ကုန်၊ မန္တလေး နှင့် စစ်ကိုင်းမြို့မှ ဘာသာပေါင်းစုံ တက်ရောက်သူ ၃၀၀ ခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် နှင်းဆီဖြူ လှုပ်ရှားမှု အနေဖြင့် အဖြူရောင်နှင်းဆီများအား တက်ရောက်သူများကို ဝေမျှခဲ့ပါသည်။

အောက်တိုဘာလ ၈ရက်နေ့မှ ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်ရှိ UN ငြိမ်းချမ်းရေး တက္ကသိုလ်ကျောင်းသားများ မှ မန္တလေးတက္ကသိုလ်အတွင်းရှိ နိုင်ငံတကာဆက်ဆံရေးပညာ ဌါန နှင့် PMI တို့ဖြင့် ပူးပေါင်းကာ IR ကျောင်းသား/သူများအား Dialogue သင်တန်းပို့ချခဲ့ပါသည်။ ထို့နောက် မန္တလေးမြို့အတွင်းရှိ ဘာသာရေးအဆောက်အအုံများကို သွားရောက် လည်ပတ်ပြီး ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ သင်တန်း၏ ရလာဒ်အဖြစ် တက္ကသိုလ် ကျောင်းသားများအတွက် Dialogue သင်ကြားနည်း Toolkit တစ်ခု ထုတ်ဝေနိုင်ခဲ့ပါသည်။